အသက်ရှည်ရှည်နေချင်ရင် မဖြစ်မနေလုပ်ဆောင်သင့်တဲ့ အလေ့အကျင့် ( ၁၀ ) ခု

အသက်လေးရယ် ရှည်စေလို မန်းတောင်ရိပ်ကိုခို ဆိုပေမယ့် အသက်ရှည်စေနိုင်မယ့် အခြားနည်းလမ်းတွေလည်းရှိနေပါသေးတယ် ။

ဒီနည်းလမ်းတွေကိုကျင့်သုံးမယ်ဆိုရင် အသက် ၉၅ နှစ်အထိ အသက်ရှည်နေထိုင်နိုင်မယ်လို့ စတန်းဖို့ဒ်မှ သိပ္ပံပညာရှင်တွေက အတိအလင်းကြေငြာထားပါတယ်။ဒီတော့ သူတို့အခိုင်အမာပြောထားတဲ့နည်းလမ်းတွေက ဘာတွေဖြစ်မလဲ ။

၁- ဆရာဝန်တစ်ယောက်ထဲနဲ့သာပြပါ။

ကိုယ်ပြနေကြဆရာဝန်တစ်ယောက်ပဲ ကိုယ့်ရဲ့အခြေအနေကို သေချာသိနိုင်ပါတယ်။အဲ့လိုမဟုတ်ပဲနဲ့ ဟိုဆရာဝန်သွားပြလိုက် ဒီဆရာဝန်သွားပြလိုက်နဲ့ဆိုရင် ဆရာများ သားသေ ဖြစ်သွားနိုင်ပါတယ်။

၂- အနာဂတ်အတွက် ပိုက်ဆံစုထားပါ။

အသက် ၅၀ ကျော်လာတဲ့အခါ ငွေက အသက်ရှင်ရပ်တည်ဖို့အတွက် ပြဿနာတစ်ခုဖြစ်လာပါတယ်။ဒီတော့ ငယ်ရွယ်စဉ်အခါမှာ မဖြုန်းတီးပဲနဲ့ ငွေစုပါ ။

ပင်စင်ယူပြီး ၁၀ နှစ်တာကလာအတွက်ကြိုတင်ပြင်ဆင်ပါ ။ဖြစ်လာနိုင်တဲ့ ငွေကြေးပြဿနာတွေအတွက်လည်းပြင်ဆင်ထားပါ။

၃- အဆီအနည်းငယ်ပိုစားပေးပါ ။

တန်ဆေးလွန်ဘေး ဆိုတဲ့အတိုင်း အဆီဆိုတာ များလွန်းရင်မကောင်းပေမယ့် အသက်ရှည်ဖို့အတွက် အဆီအနည်းငယ်စားပေးဖို့တော့လိုပါတယ်။

အမဲသား ၊ ကြက်သား ၊ ကြက်ဥ ၊ နို့ နဲ့ ငါးတွေကို မျှမျှတတ စားသုံးပေးမယ်ဆိုရင် သင့်ကျန်းမာရေးအခြေအနေ ရ၅ ရာခိုင်နှုန်းလောက်တိုးတက်လာပါလိမ့်မယ် ။

၄- ကိုယ်နဲ့သင့်တင့်လျောက်ပတ်တဲ့အစားအသောက်ကိုပဲ စားသုံးပါ ။မတည့်တဲ့အစာတွေကို စားမယ်ဆိုရင် အူလမ်းကြောင်းထိခိုက်ပြီး ရောဂါရလာနိုင်ပါတယ် ။

၅- သက်တောင့်သက်သာရှိတဲ့ ဖိနပ်နဲ့အဝတ်အစားတွေကိုပဲဝတ်ဆင်ပါ ။

အသက် ၆၅ နှစ်အရွယ် ပရော်ဖက်ဆာ David Rosenbaum ကတော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်တွေပဲဝတ်ဆင်ခဲ့တဲ့အတွက် သူအခုလို အသက်ရှည်တာလို့ပြောပြခဲ့ပါတယ်။

ကျန်းမာရေး ကောင်းမွန်ဖို့အတွက်တော့ သက်တောင့်သက်သာရှိတဲ့ ဖိနပ်ဝတ်ရုံတင်မဟုတ်ပဲ တစ်နေ့ကို ခြေလှမ်းတစ်သောင်းလောက် လမ်းလျော က်ပေးသင့်ပါတယ် ။

၆- ဆိုဖာပေါ်မှာမအိပ်ပါနဲ့ ။

တစ်နေ့တာ ပင်ပန်းလွန်းတဲ့အတွက် ရုပ်ရှင်ကားကြည့်ရင်း ဆိုဖာပေါ်အိ ပ်ပျော်သွားတာမျိုးရှိပါလိမ့်မယ် ။ဒါပေမယ့် ဆိုဖာပေါ်အိပ်တဲ့အခါ သက်တမ်း ၃ နှစ်လောက်ပိုတိုစကြောင်း သုတေသနအချက်အလက်တွေအရ သိထားရပါတယ်။

၇- ပိတ်ရက်မှာ အိပ်ရေးဝဝအိပ်ပါ။

ပိတ်ရက်မှာ စိတ်ကိုလျော့ထားပြီး လွတ်လွတ်လပ်လပ်သာအိပ်ပါ ။အိပ်ရေးဝဝအိပ်ခြင်းဟာလည်း ကျန်းမာရေးပြဿနာတွေကို လျော့ချပေးနိုင်ပါတယ် ။

၈- အိမ်သန့်ရှင်းရေးလုပ်ပါ ။

တစ်နေ့ကို နာရီဝက်လောက် တစ်ပတ်မှာ ၅ ကြိမ် အိမ်သန့်ရှင်းရေးလုပ်မ ယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားနိုင်ချေအလွန်လျော့နည်းသွားတာကိုတွေ့ရပါတယ်။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့အတွက် တကူးတက Gyn ကိုသွားဖို့မလိုပါဘူး ။အိမ်သန်ရှင်းရေးလုပ်တဲ့အခါ အလိုအလျောက်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီးသားဖြစ်သွားပါတယ်။

၉- အလုပ်ကြိုးစားပါ ။

ဘဝမှာအောင်မြင်တဲ့သူတွေက မအောင်မြင်တဲ့သူတွေထက် အသက်ပိုရှည်ကြလေ့ရှိပါတယ်။ဒီတော့ အောင်မြင်ဖို့အတွက် အလုပ်ကို ကြိုးစားလုပ်ဖို့လိုအပ်ပါတယ် ။အရေးကြီးဆုံးအချက်ကတော့ မပျင်းမရိဖို့ပဲ ။ ရည်မှန်းချက်ပန်းတိုင်ကိုရောက်အောင်ကြိုးစားပါ။

၁၀- ကိုယ့်အပေါ်နားလည်တဲ့သူနဲ့စကားများများပြောပါ ။

သူငယ်ချင်းအများကြီးရှိဖို့မလိုပါဘူး ။ ကိုယ်အပေါ်နားလည်တဲ့သူတစ်ယောက်ရှိရင်ရပါပြီ ။သူနဲ့တိုင်ပင်ဆွေးနွေး ၊ ကိုယ့်ရဲ့ခံစားချက်တွေထုတ်ပြောပြီးတော့ ရင်ဖွင့်ပါ ။

ဘဝမှာ ဘယ်သူမှ ရာနှုန်းပြည့်မပျော်နိုင်ပေမယ့် စိတ်ပေါ့ပါးနေတဲ့သူတွေက စိတ်တင်းကြပ်နေတဲ့သူတွေထက်တော့ ပိုအသက်ရှည်လေ့ရှိတာ အမှန်ပါပဲ ။

Leave a Reply

Your email address will not be published. Required fields are marked *