လူသိနည်းတဲ့ နာမည်ကြီး ဟသာင်္တမုန့်ဟင်းခါး ချက်နည်း လျို့ဝှက်ချက် နှစ်ခု

(၁)ကုလားပဲပြုတ်သည့်အခါဆီ နနွင်းမု့န့် ချင်း ထောင်းပြီးထည့်ပါ ။ဆားလုံးဝမထည့်ရ။ပဲနူးသည့်အခါတွင် ဆားထည့်ပါ။ပဲနံ့မရတော့ပါ။ ဆိမ့်သည့်အရသာ ဖြစ်ပါလိမ့်မည်။

(၂)ငါးပြုတ်လျှင် စပါးလင် အရင်းပိုင်းများထောင်းပြီးအိုး၏အောက်မှာထားပြီး ငါးကိုတင်ပါ ငံပြာရည်ငရုတ်သီး အပွခြောက် ၃ တောင့်ထန်းလျက်ညို ၂ ခဲ ထည့်ကာပြုတ်ပါ။

ငါးများနူးလာရင်ဆယ်၍ အအေးခံပါငါးပြုတ်ရည်ကိုစကာနှင့်စစ်ပြီးပြန်တည်ထားပါ။ကြက် သွန်နီ ကြက်သွန်ဖြူ ဂျင်း ထောင်းကာဆီသတ်ပါ။

ငရုတ်သီး အရောင်တင်မုန့်နနွင်းမုန့်ထည့်ကာအနံမွေးလာရင်ငါးပြုတ်နွှင်ထားတာတည့်လိုက်ပါ။ငါးဆီသတ်ရင် ခြောက်မသွားစေရပါ။ငါးကြော်လိုမဖြစ်စေရ။အရောင်ညီလာလျှင်ငါးဆီသတ်ထဲသို့..ငါးပြုတ်ရေအနည်းငယ်ထည့်ရမယ် ။

ငါးမွှေအိအိလေးဖြစ်ပါစေ အဲတာက အဓိကပဲပြုတ်ရည်နဲ့ ငါးပြုတ်ရည်ကို အိုးတစ်ခုထဲပေါင်းထည့်ပီးပြုတ်ထားတဲ့ ကုလားပဲဆန်ကို ထောင်းပီး ထည့်မွှေပေးပါ။ငါးဆီသတ်ကိုပါ ။

တခါတည်း ထည့်မွှေပေးပါ။ဟင်းရည်ဆူလာရင်,ကြက်သွန်နီဥ,ငရုတ်ကောင်းမှုန့် ထည့်မွှေပါ။

ငံပြာရည်,ဟင်းခပ်မှုန့် လိုသလိုထည့်ပီး အရသာစပ်ပါ။ဆန်လှော်မုန့် ရေကျဲကျဲဖျော်ထည့်ပေးနော် ,ကြက်သွန်နီဥလေးများ နူးရင်ရပါပြီ။

အရသာကောင်းလွန်းသော ဟသ်ာတ မုန့်ဟင်းခါး ကို မိသားစု ပျော်ရွင်စွာသုံးဆောင်နိုင်ကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *