ပန်းပဲ မောင်တင့်တယ်နတ် နှင့် နတ်မီးတောက်တောင်ရာဇဝင်

မြန်မာနိုင်ငံသည် သဘာဝတရားနှင့် ပြည့်စုံလှပပြီး သမိုင်းအစဉ်အလာကြီးမားတဲ့ ရှေ့ဟောင်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်

ပုံပြင်လိုလို ရာဇာဝင်လိုလိုနဲ့ တကယ့်ဖြစ်ရပ်မှန် ထူးဆန်းအံ့သြဖွယ် အစုံအလင်ကို ပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် ထင်ရှားလှပါသည် ။

ဘာသာတရား နှင့် သဘာဝက်က် တွေးကြည့်ရင် မယုံနိုင်စရာ အကြောင်းတရားများ သဘာဝလွန်ကဲ ဆန်းကြယ်မှုများဖြင့် ဖြစ်ရပ်မှန် သမိုင်းရာဇာဝင် မြောက်များစွာ တည်ရှိနေသော နိုင်ငံကို မြန်မာဟု ခေါ်တွင်စေခဲ့ပါသည် ။

၎င်းထူးဆန်းအံ့သြဖွယ်ထဲမှ နတ်မီးတောင် အကြောင်းကို ဆွဲထုတ် ဖော်ပြလိုက်ပါသည် ။

နတ်မီးတောက်အကြောင်း

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်း နတ်မီးတောက် ကျေးရွာလေးက နတ်မီးတောက် တောင်မှာ နွေ ၊ မိုး၊ ဆောင်း သုံးရာသီလုံး မီးငြိမ်းခြင်း မရွိဘဲ ထူးထူးခြားခြား မြေကြီးကျောက်ပုံတွေရဲ့ ကြားကနေ မီးတောက်နေ လျက် ရှိပါတယ် ။

အဲဒီ နတ်မီးတောက် တောင်ဟာ သရက်မြို့ကနေ ၁၄ မိုင်ခန့်ဝေးပြီး ပြည်မြို့ကလာမယ်ဆို ၃၉ မိုင်ခန့် ကွာဝေးပါတယ် ။ ကံမမြို့နဲ့ သရက်မြို့ကို ဆက္သြယ္ထားတဲ့ ကားလမ်းဘေးမှာ တည်ရှိတာဖြစ်ပါတယ် ။

နတ်မီးတောက်တောင်ဟာ ရှေးနှစ်ပေါင်း ဘယ်ကတည်းက စပြီးတည်ရှိခဲ့တယ်ဆိုတာကို အဲဒီဒေသက နှစ်ပေါင်း ၈ဝ ကျော် ဒေသခံများပင် မမီခဲ့ကြကြောင်းနဲ့ နတ်မီးတောက် တောင်မှာ မင်းမဟာဂီရိခေါ် ပန်းပဲ မောင်တင့်တယ်နတ် လာရောက်နေထိုင် သွားခဲ့တယ်လို့ ဒေသခံအများက ယုံကြည်နေကြပါတယ် ။

ဟိုးအရင်က ဝါတွင်းကာလတွေမှာ မီးတောက်ခြင်း မရွိဘဲ သီတင်းကျွတ်လ ပြီးမှသာ အဆက် မပြတ် မီးတောက်လျက် ရှိပြီး ယခုအခါမှာတော့ ပြီးခဲ့သည့် သုံးနှစ်တာ ကာလကစ ဝါတွင်း ကာလ တွင်ပါ မီးတောက်လျက် ရှိနေပါတယ် ။

လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် လူသူ အသြားအလာ နည်းပြီး လူသိ နည်းခဲ့တဲ့ နတ်မီး တောက်ဟာ ခုလိုလမ်းပန်း ဆက်သွယ်ရေး ပွင့်လင်းလာတဲ့ အခါမှာတော့ လူသိမ်ားလာကာ လာရောက် လည်ပတ်သူ များလာကြတယ်လို့ ရွာခံများက ပြောပြပါတယ် ။

အဲဒီတောင်ရဲ့ ထူးခြားချက်တွေကတော့ တောင်ရဲ့အပေါ် မြေကြီးနှင့် ကျောက်တုံးတွေကြားက မီးတောက်တွေ ထွက်ရှိနေတာ မိုး ဘယ်လောက်ပဲ စွေစွေ မီး မေသတာ ၊ နွေရာသီဆို ဘေးနားမှာ အမှိုက်တွေ ရှိနေပေမဲ့လည်း မီးကူးစက်လောင်ကျွမ်းတာ မျိုး မရွိတာ မီးတောက်နေတဲ့ ကျောက်ပုံဘေးနားမှာ အပင်ငယ် ၊ အပင်ကြီးတွေ ရှိနေပေမဲ့ အပင်ရဲ့ အရွက်တွေ ညှိုးနွမ်းမှု မရွိတာ တစ်နေရာ တည်းသာ မီးတောက်နေတာစတာတွေပဲ ဖြစ်ပါတယ် ။

၁၉၆၉ ခုနှစ်လောက်အချိန်က ရေနံလာတူးတဲ့ အဖွဲ့တစ်ဖွဲ့ဟာ နတ်မီးတောက်နေရာက ကျောက်ပုံကြီးတွေကို စက်နဲ့ထိုးဖျက်တဲ့အခါ ရုတ်တရက် စက်တွေ ပျက်သွားပြီး ထိုးတဲ့သူတွေလည်းအန္တရာယ် ဖြစ်ခဲ့ကြတယ်လို့လည်း မှတ်သားခဲ့ရပါတယ် ။

အဲဒီ ကျောက်ကြားက မီးတွေကို ညနေပိုင်းနှင့် ညအချိန်မှာ ပိုပြီးကောင်းကောင်းမွန်မွန် တွေ့ရပြီး အလင်းရောင်ကို အေဝးကေနကိုပဲ ထင်ထင်ရှားရှား မြင်ရတယ်လို့လည်း ဆိုကြပါတယ် ။
ရာဇဝင်လေးကို စုံစမ်းကြည့်တဲ့အခါ ပန်းပဲမောင်တင့်တယ်အကြောင်း အကျဉ်းလေးသိခွင့်ရခဲ့ပါတယ် ။

ခွန်အားဗလကြီးတဲ့ မောင်တင့်တယ်ကို ဘုရင်က သူ့ထီးနန်းလုမှာစိုးလို့ အကွက်ဆင်တဲ့အခါ သူ့ခမျာ မင်းပြစ်မင်းဒဏ် သင့်ခဲ့ရပါသတဲ့။မောင်တင့်တယ်တစ်ယောက် ပြေးရင်းလွှားရင်း အဲဒီရွာကိုရောက်လာ ရွာအနီးကန်မှ နဂါးမနဲ့အကြောင်းပါ အဲဒီရွာမှာပဲ နေထိုင်ပြီး ပန်းပဲလုပ်ငန်းကို ဆက်လုပ်နေတာပေါ့လေ ။

ဒါပေမဲ့ ဘုရင်ရဲ့ လိုက်လံသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အခါ မောင်တင့်တယ် တစ်ယောက် နတ်စိမ်းဘဝကိုရောက်ပြီး အဲဒီ မီးပုံပေါ်ပေါက် လာခဲ့တယ်လို့ ဆိုပါတယ် ။ တစ်ခါတလေ ညဘက်တွေဆို တရှဲရှဲနဲ့ဖိုထိုးသံကိုလည်း ကြားရပါသတဲ့ ။

ရှေးတုန်းကဆို အနီးနားရွာက လူတွေက နေ့ဘက်မှာ သံတိုသံစမ်ား ပေးပြီး ပန်းပဲ မောင်တင့်တယ်ကို ရည်မှန်းဆုတောင်း ဓားလှံတွေ အပ်ထားရင် မနက် မိုးလင်းတဲ့အခါ လိုရာ ရတယ်လို့ ရွာခံတွေက ဆိုကြပါတယ် ။

ဒါပေမဲ့ ဒီတောင်ပေါ်မှာ စကားအမွားမခံတာ ဦးထုပ်မဆောင်းရတာ တံတွေးမထွေးရ တာတွေတော့ ရှိပါတယ်တဲ့ ။ လာရောက်လေ့လာသူတွေက အဓိဌာန်ဆုတောင်းပြီး ဆုတောင်းပြည့်တဲ့အတွက် အဲဒီတောင်ပေါ်မှာ စေတီတော် တစ်ဆူတည်ထားပြီး ဆုတောင်းပြည့်စေတီလို့ ဘွဲ့အမည် သမုတ္ထားတာ ဖူးတွေ့ရပါတယ် ။

ယနေ့ခေတ်ဟာ သိပ္ပံပညာထွန်းကားတဲ့ခေတ် ဖြစ်လေတော့ ပညာရှင်အများက ခေတ်မီစက်ကိရိယာများဖြင့် ဓာတ်ငွေ့ရှာဖွေမူတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ အနီးအနားမွာ ဘာဓာတ်ငွေ့မှ ရှာမတွေ့တာကတော့ ထူးခြားလှ ပါပေတယ် ။

သိလိုသူ မိတ်ဆွေများအတွက် လက်လှမ်းမီသလောက် လေ့လာတင်ပြရခြင်းသာဖြစ်လို့အကြောင်းအရာ မပြည့်စုံခဲ့ရင် နားလည်ပေးကြဖို့နဲ့ ပြည့်ပြည့်စုံစုံ သိလိုပါက ကိုယ်တိုင်လာရောက် လေ့လာ နိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *