အံ့သြစရာကောင်းတဲ့ အိမ်တွင်း ပတ်ပတ်လည်အတွက် ဆားရဲ့အသုံးဝင်ပုံတွေ

ကိုယ့် အိမ် မှာရှိတဲ့ တချို့ မီးဖိုချောင် ပစ္စည်း တွေက ဟင်းချက် ရာမွာပဲ အသုံးတည့်တာ မဟုတ်ပါဘူး ။

ကိုယ့်ရဲ့ ကျန်းမာရေး နှင့် အခြားသော နေရာတွေမှာလည်း တကယ်အသုံးဝင်တာကို မြင်တွေ့ရပါတယ် ။

ဆား များများစားတာက ​တော့ ကျန်းမာရေး အတွက် မကောင်းပါဘူး ။

သို့သော်လည်း ဆားဟာ သင့်ရဲ့ အိမ် မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တချို့သော ပြဿနာ ရပ်တွေကိုတော့ ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင်ပါတယ် ။

၁။ ဘေစင် ရှိ ရေစစ် ကိုသန့်ရှင်းနိုင်ခြင်း

ဘေစင် မွာ အညစ်အကြေး တွေစို့ပြီး ရေကောင်းကောင်းမဆင်းတာကို အိမ်တိုင်းနီးပါး ဖြစ်ဖူးကြမှာပါ ။

ဒီလိုအခြေအနေမျိုးမှာ ဆားက အသုံးဝင်ပါတယ် ။ဆားလက်တစ်ဆုပ်စာခန့်ကို ရေစစ်ပေါက်တွေထဲ ဝင်အောင် ထည့်ပေးလိုက်ပါ ။

ခဏနေရင် ရေလောင်းချလိုက်ပါ ။အညစ်အကြေးများ သန့်စင်သွားပါလိမ့်မယ် ။

၂။တောက်ပြောင်စေခြင်း

အိမ် မှာရှိတဲ့ ဖန်ခွက် တွေ ဖန်ထည်တွေကို ဆားနဲ့ တိုက်ချွတ်လို့ ရပါတယ် ။ ပထမဦးစွာ ပုံမှန်အတိုင်း ဖန်ခွက် ကို ဆေးကြောပါ ။

ပြီးနောက် ဆားအနည်းငယ်ယူပြီး ပွတ်ပါ ။ပြီးသွားလျှင် အဝတ်ခြောက်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ ။တောက်ပြောင်သွားတာကို မြင်ပါလိမ့်မယ် ။

ဒီ နည်းလမ်း ကို ဖန်ထည်တွေသာမက ငွေထည် ၊ ကြေးထည် တွေမှာလည်း အသုံးပြုလို့ရပါတယ်။

၃။ပုရွက်ဆိတ် ရန်မှကင်းစေခြင်း

ပုရွက်ဆိတ် တွေဟာ ဆားကို အရမ်းမုန်းပါတယ် ။ပုရွက်ဆိတ် ရန်မှကင်းဝေးဖို့ ဆား ကို ရေနွေး ဆူဆူထဲထည့်ပြုတ်ပြီး အေအးခံ ကာ spray ဘူးထဲသို့ထည့်ပါ ။

ပြီးလျှင် ပုရွတ်ဆိတ် တွေ ရှိတတ်တဲ့ နေရာအနှံ့ကို ဖြန်းလိုက်ပါ ။

ဒီ နည်းလမ်း ဟာ ပုရွက်ဆိတ် တွေကို သေစေတာမဟုတ်တဲ့အတွက် ငရဲလည်း မကြီးပါဘူးနေ်ာ ။ ပုရွက်ဆိတ် တွေ လာနိုင်တဲ့နေရာမှာ ဆားဖြူးထားလည်း ပုရွက်ဆိတ်တွေ မလာနိုင်တော့ပါဘူး ။

၄။သွားနေခြင်း ကိုသက်သာစေခြင်း

သြားနာ ၊ သွားကိုက် တဲ့အခါ ရေတစ်ခွက်ထဲသို့ ဆားလက်ဖက်ရည် ၁ဇွန်းခန့်ထည့်ပြီး မွှေလိုက်ပါ ။ ပြီးနောက် ထို ဆားရည် ဖြင့် ကောင်းစွာ ပလုတ်ကျင်းလိုက်ပါ ။

ဒါဆိုရင်တော့ သြားနာ၊သြားကိုက္တာကို သက်သာသွားစေမှာ ဖြစ်ပါတယ် ။

၅။သရဲ ၊ တေစ ္ဆများမဝင်ရောက်နိုင်ခြင်း ၊ မောင်းထုတ်နိုင်ခြင်း

ဒါလေးကတော့ နည်းနည်းရီစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် အမှန်တကယ်ပဲ သန့်စင်တဲ့ဆားဟာ အိမ်တွေ ၊

ကျောင်း တွေ မွာ ရှိတတ်တဲ့ ဝိဉာဉ်တစေ ္ဆတွေကို မဝင်ရောက်နိုင်အောင် မောင်းထုတ်နိုင်တယ်လို့ ဆိုပါတယ် ။

Super Natural ဇာတ်လမ်းတွဲ ကို ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ သိလောက်ပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာဆိုလျှင် သရဲ တွေ မဝင်ရောက်နိုင်အောင် အိမ်ပတ်ပတ်လည်ကို ဆားဖြင့်စည်းတားတာ ၊ ဆား ထည့်ထားတဲ့ သေနတ်နဲ့ပစ်လျှင် သရဲတွေ ပျောက်ကွယ်သွားတာမျိုးတွေကို မြင်ရမှာပါ ။

Dr.Wu Di ကလည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဗီဒီယို တစ္ခုမွာ ရှင်းပြသွားတာကိုလည်း မြင်တွေ့ခဲ့ဖူးပါတယ် ။

နောက်ပြီး ကိုရီးယား ဇာတ်လမ်းတွဲ တွေမှာလည်း သူတို့ရဲ့အယူအဆအရ မကောင်းဆိုးဝါးတွေ မလာနိုင်အောင် ဆားဖြင့်ပက်တာ ၊ လာခဲ့လျှင်လည်း ဆားဖြင့်ပက်ပြီး မောင်းထုတ်တာမျိုးတွေ ကြည့်ခဲ့ဖူးပါတယ် ။

ကဲ ဆား ရဲ့ အသုံးဝင်ပုံတွေကို မှတ်ထားပြီး ကိုယ့် အိမ် မှာ ပြန်လုပ်လို့ရတယ်နေ်ာ.. ကိုယ်ကတော့ နောက်ဆုံးအချက်ကို အကြိုက်ဆုံးပဲ.

Leave a Reply

Your email address will not be published. Required fields are marked *