လေယာဉ်ပျက်ကျလုနီးပါးဖြစ်ချိန်မှာ တန်ခိုးပြကာကွယ်ပေးခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော်ဖြစ်ရပ်

အခုကတော့ ဘာသာရေးနှင့်ဆက်နွယ်သောအထွေထွေဗဟုသုတပါနော်။ လွန်ခဲ့တဲ့ ၃၈ နှစ်လောက်က ထူးခြားဖြစ်စဉ်တခုပါနော်။

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီးက တောင်ပုလုတောရရိပ်သာတွင်သီတင်းသုံးနေထိုင်ခဲ့တဲ့ တောင်ပုလုဆရာတော်ဘုရားကြီးသည် တစ်ချိန်ကရဟန္တာဟုထင်ပေါ်ကျော်ကြားခဲတာပါ။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်လာသူတစ်ယောက်အကြောင်းနဲ့ စာအုပ်ပေါင်းများစွာကိုရေးခဲ့သူ စာရေးဆရာဒါရိုက်တာဦးဆန်းလွင်ဟာ တောင်ပုလုဆရာတော်ဘုရားကြီးကိုအကြောင်းပြုပြီး ဗုဒ္ဓဘာသာသို့ကူးပြောင်းကာ အရှင်အာဒိစ္စရံသီဘွဲ့အမည်ဖြင့်ရဟန်းဝတ်ပြီးတော့ မြန်မာပြည်အနှံတရားများ လှည့်လည်ဟောခဲ့တာပါ။

ပျဉ်းမနား မဟာမြိုင်ဆရာတော်ဦးဇောတိလာလည်းဆရာတော်ကြီးကိုအကြောင်းပြုပြီး ဘာသာကူးပြောင်းကာရဟန်းဝတ်ပြီးတော့ စာအုပ်ပေါင်းများစွာရေးပြီး ကမ္ဘာ့နိုင်ငံ အသီးသီးကိုလှည့်လည်တရားဟောခဲ့တာပါ။

1970 ခုနှစ်ကျော်ဝန်းကျင်လောက်မှာ အမေရိကန်ကိုပျံသန်းတဲ့လေယာဉ်တစ်စီးဟာ ကောင်းကင်ယံမှပျက်ကျလုဆဲဆဲဖြစ်ခဲ့ပါတတာပါတဲ့။

အဲ့ဒီအချိန်မှာဘဲ လေယာဉ်မူးနှစ်ဦးက လေယာဉ်ဦးခေါင်းရှေ့တည့်တည့်မှာ သင်္ကန်းဝတ်နဲ့ရဟန်းတော်တစ်ပါးကိုမြင်လိုက်ရတဲ့အချိန်မှာ လေယာဉ်ပျံကရုတ်တရက်ပြန်လည်ကောင်းသွားပြီး အမေရိကန်ကိုချောမောစွာပြန်လည်ရောက်ရှိခဲ့ပါတယ်တဲ့။

အဲ့ဒီသတင်းကိုတော့ အမေရိကန်သတင်းစာမှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး မြန်မာရဟန်းတော်တစ်ပါးက လေယာဉ်ကိုကယ်တင်ခဲ့ကြောင်း အကျယ်တစ်ဝန်း ရေးသားဂုဏ်ပြုခဲ့ကြတာပါနော်။

အဲ့ဒီအဖြစ်အပျက်ကို အဲ့ဒီလေယာဉ်မှာပါတဲ့းဆိုသူဟာအံသြပြီးတော့ အမေရိကန်ကိုအဲ့ဒီနေ့ကထွက်တဲ့ လေယာဉ်ရဲ့ခရီးစဉ်ကို လှမ်းစုံစမ်းကြည့်တော့ အဲ့ဒီနေ့ကခရီးသည်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦးပါပြီးတော့ တစ်ဦးကဒေါ်ခင်ဝင်းဖြစ်ကာ တစ်ခြားတစ်ဦးက တောင်ပုလုဆရာတော်ကြီးပါတဲ့။

ဒေါ်ခင်ဝင်းဟာ တောင်ပုလုဆရာတော်ဘုရားကြီးပုံကို လေယာဉ်မှုးတွေကိုပြတဲ့အခါမှာ လေယာဉ်ဦးခေါင်းပိုင်းမှာရပ်ပြီးတော့ လေထဲမှာသင်္ကန်းတလူလူနဲ့လွင့်နေတာ အဲ့ဒီရဟန်းတော်ပါတဲ့။

အဲ့ဒီလေယာဉ်မှုးတွေရဲ့ကျေးဇူးကြောင့် အမေရိကန်မှာတောင်ပုလုတရားစခန်းတစ်ခုဖွင့်လှစ်ပေးပြီးတော့ ခုအချိန်ထိသာသနာပြုနေကြတယ်လို့သိရပါတယ်နော်။

Zawgyi











Leave a Reply

Your email address will not be published. Required fields are marked *