အရိုး၊ အကြော၊ အဆစ်အမြစ် ရောင်၊ကိုက်၊လွဲ နေသူတိုင်းအတွက်မြန်မာ့ဆေးစွမ်း‌ကောင်းမျာ

နီပါးဆေးပင်(တောရဲယို)
၁။ အရွက်သို့မဟုတ်အခေါက်ကိုကြိတ်၍ရသောအရည်ဖြင့်အကြောထုံး၊ အကြောတင်၊အဆစ်ရောင်ခြင်း၊နာကျင်ခြင်းဖြစ်သောနေရာများပေါ်တွင်လိမ်းပေးပါကပျောက်ကင်း၏။

ပင့်ကူထိပ်ပိတ်

၂။ ပင့်ကူထိပ်ပိတ်ရွက်ကိုကြိတ်၍ ရသောအရည်၌ပိတ်ချင်းသီးမှုန့်အနည်းငယ်ရောသောက်သော်အကြော၊အဆစ် ရောင်ရောဂါပျောက်၏။

ပဒိုင်းညို

၃။ ပဒိုင်းညိုအရွက်ကိုမီးကင်၍ကပ်ပေးပါကအဆစ်ရောင်ရောဂါနှင့်အရိုးကိုက်ရောဂါပျောက်၏။

ပတဲကောလေး

၄။ ပတဲကောလေးကိုဆီနှင့်ချက်၍လိမ်းနယ်ပေးသော်အ ကြောတက်ခြင်း၊ လေးလံခြင်းရောဂါပျောက်ကင်း၏။

ပိတ်ချင်း

၅။ လေဖြတ်၍အဆစ်များရောင်ခြင်း၊ခါးကိုက်ခြင်းတို့ဖြစ်ပါကပိတ်ချင်းအမြစ်မှုန့်အနည်းငယ်ကိုရေနွေးနှင့်သောက်ရသည်။

မင်းကိုကာ

၆။ မင်းကိုကာအမြစ်ဥနှင့်ရှဥ့်မတက်ဥ ဆတူကျို၍သောက်သော်အဆစ်ရောင်ရောဂါပျောက်၏။

မုန်ညင်းဖြူ

၇။ မုန်ညင်းဖြူစေ့ကိုကွမ်းစားဂမုန်းနှင့်သွေးပြီးလိမ်းသော်အဆစ်ရောင်ခြင်းပျောက်၏။

ယူကလစ်

၈။ အဆစ်အမျက်ကိုက်ခြင်းနှင့်ရောင်ခြင်းဖြစ်လျှင်သံလွင်ဆီနှင့်ယူကလစ်အဆီဆတူရော၍လိမ်းကပျောက်၏။

ရွက်ကျပင်ပေါက်

၉။ ရွက်ကျပင်ပေါက်အရွက်ရည်ကိုလိမ်းပေးကအဆစ်လွဲ၊အကြောထုံးခြင်းနှင့်မီးလောင်သောအနာများပျောက်ကင်း၏။

ရှဥ့်မတက်ဥ

၁၀။အဆစ်ရောင်ခြင်း၊ကိုက်ခြင်းစသောတစ်ကိုယ်လုံးဖောက်ပြန်သောလေရောဂါအတွက်ရှဥ့်မတက်ဥရည်သက်သက်ဖြင့်ချက်ထားသောဆီသက်သက်ကိုလိမ်းကျံပေးရ၏။

လက်ထုတ်ကြီး

၁၁။ လက်ထုတ်ကြီးအခေါက်ကိုလှော်၍အမှုန့်ပြုပြီးပျားရည်ထောပတ်တို့နှင့်ရော၍သုံးဆောင်ပါကအကြောရောင်ရောဂါပျောက်၏။

လင်းလေ

၁၂။ လင်းလေကိုသီဟိုဠ်သရက်စေ့အဆီဖြင့်ရောလိမ်းပါကအဆစ်ရောင်ခြင်း၊အကြောထုံးခြင်းပျောက်၏။

သင်္ဘော

၁၃။ သင်္ဘောရွက်ကြိတ်ညှစ်ရည်တွင်ဘိန်းအနည်းငယ်ရောလိမ်းသော်အကြောတက်ခြင်းပျောက်၏။

ဟင်းနုနယ်

၁၄။ ဟင်းနုနယ်ဆူးပေါက်အမြစ်ကိုသွေး၍လိမ်းခြင်း၊ကြိတ်၍အုံပေးခြင်းဖြင့်အကြောတက်ရောဂါပျောက်၏။

ဣဿရမူလီ

၁၅။ ဣဿရမူလီအမြစ်မှုန့်နှင့်ဂျုံပြာ၊ဆားဆတူရောစပ်၍ရေနွေးနှင့်သောက်ခြင်း၊အဆစ်ရောင်သောနေရာများ၌ လူးပေးခြင်းဖြင့်ကိုယ်လက်ကိုက်ခဲခြင်းနှင့် အဆစ်ရောင်ခြင်းပျောက်၏။

ကောက်ရိုးနွယ်

၁၆။အရိုးအဆစ်နာသောနေရာ၌ကောက်ရိုးနွယ်ပဉ္စငါးပါးကိုကြိတ်၍ကြပ်ထုပ်စည်းပေးလျှင်ပျောက်၏။

ခွေးတောက်ရွက်

၁၇။ ခွေးတောက်ရွက်ကိုသကြားနှင့် ထောင်း၍အုံပေးပါကအကြောအဆစ်လွဲခြင်း ပျောက်၏။

ချေးသီး

၁၈။ ချေးသီးကိုကြိတ်၍လိမ်းအုံပေးသော်အဆစ်ရောင်ရောဂါပျောက်၏။

ပေါက်ပန်းဖြူ

၁၉။ ပေါက်ပန်းဖြူမြစ်ကိုရေနှင့်ကြိတ်၍မီးဖြင့်နွှေးပြီးအဆစ်အဆက်ရောင်သောနေရာများတွင်လိမ်းပေးသော်ပျောက်၏။

ရွေးကလေး

၂၀။ ရွေးကလေးအရွက်ကိုမုန်ညင်းဆီနှင့် ကြိတ်၍အဆစ်ရောင်သောနေရာနှင့် အကြောထုံးသောနေရာများသို့စည်းပေးခြင်း၊ လိမ်းပေးခြင်းပြုကရောဂါပျောက်ကင်း၏။

မှတ်ချက်။ ။ ရွေးကလေးပင်သည်အဆိပ်ရှိသော ဆေးပင် ဖြစ်၍ လိုသည်ထက် ပို၍သုံးဆောင်သော် ဝမ်းလျှောခြင်း၊ အန်ခြင်း၊ အင်အား ဆုတ်ယုတ်ခြင်း ဖြစ်တတ်၏။ တစ်ရွေးခွဲမှ ၃ရွေးအထိသာ သုံးနိုင်၏။

ရေသကျည်း

၂၁။ အဆစ်ရောင်ရောဂါ၊ကိုယ်လက် ကိုက်ခဲသောရောဂါများအတွက် ရေသကျည်းအရွက်ကိုပြုတ်သောက်ရ၏။

လေးညှင်း

၂၂။ လေးညှင်းဆီကိုမုန်ညင်းဆီနှင့်ရောလိမ်းသော်အဆစ်အမျက်ကိုက်ခဲ နာကျင်ခြင်းများပျောက်၏။

ကြောင်ပန်း

၂၃။ ကြောင်ပန်းအရွက်ကိုအရည်ညှစ်သောက်ခြင်းဖြင့်လည်း ကောင်း၊ကြော်စားခြင်းဖြင့်လည်းကောင်းအကြော ရော ဂါများပျောက်ကင်း၏။

ကြောင်ရိုသေ

၂၄။ ကြောင်ရိုသေပင်အရွက်ရည်ကို ကြက်ဆူဆီနှင့်ရော၍ အဆစ်အမြစ်ကိုက်ရာတွင် လိမ်းပေးသော်ပျောက်ကင်းစေ၏။

ကြက်ဟင်းခါး

၂၅။ ကြက်ဟင်းခါးအသီးနုအရည်ကိုမီးပေါ်၌ နွေး၍လိမ်းပေးလျှင်အဆစ်ရောင်ရောဂါပျောက်၏။

Credit

Leave a Reply

Your email address will not be published. Required fields are marked *