အကြောပြတ်ပြီးအလှပျက်နေတဲ့ ပျိုမေတွေအတွက် အိမ်တွင်းနည်းလမ်းလေးတွေပြောပြချင်ပါတယ်။
အကြောပြတ်တယ်ဆိုတာ ကိုယ်ဝန်ရှိတာကြောင့် အကြောပြတ်တက်တာရှိသလို ရုပ်ပိုင်ဆိုင်ရာပြောလဲမူကြောင့် ခန္ဓာကိုယ်အနှံမှာလည်း အကြောပြတ်တက်ပါတယ်။
အဓိကအကြောပြတ်တက်တဲ့ နေရာတွေကတော့ ပေါင်အပြင်ပိုင်းတွေ၊ ဗိုက်အောက်နားတွေ၊ တင်ပါးတွေ၊ ခြေသလုံးတွေ၊ လက်မောင်းတွေ အစရှိသဖြင့်များစွာရှိတက်ကြပါတယ်။
ဝိတ်အလွန်အကျွံချရင်လည်း အကြောပြတ်တက်ပါတယ်။ အကြောပြတ်တက်တာက တစ်ခြားဘေးထွက်ဆိုးကျိုးတော့မရှိပါဘူး။
သူတို့တွေက ကိုယ်အရေပြားပေါ်မှာ သေးသေးမျှင်မျှင်လေးတွေ ပေါ်နေတက်တာက အလှကိုပျက်စေပါတယ်။ အခုခောတ်မှာတော့ အကြောပြတ်တာတွေပျောက်အောင် လိမ်လို့ရတဲ့ အလှကုန်တွေ များစွာရှိပါတယ်။
အခုပြောပြမယ့်နည်းလမ်းတွေက ခန္ဓာကိုယ်အတွက်ဘေးထွက်ဆိုးကျိုးမရှိပဲ အကြောပြတ်တာတွေကို ပျောက်ကင်းစေတဲ့ အိမ်တွင်းနည်းလမ်းလေးတွေဖြစ်ပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ဟာ ခန္ဓာကိုယ်အရေပြားပေါ်မှာ ဖြစ်ပေါ်တက်တဲ့ ပြဿနာအမျိုးမျိုးကို ရှားစောင်းလက်ပတ်ကပျောက်ကင်းအောင် ကုသနိုင်ပါတယ်။
အရေပြားကိုလည်း ချောမွေ့အောင် ပြုလုပ်ပေးနိုင်ပါတယ်။ အသုံးပြုလိုရမယ့်နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ရှားစောင်းလက်ပတ်ကို
အတုံးလေးတွေတုံးပြီး လေလုံတဲ့ခွက်တစ်ခုထဲ့တည့်ပြီး ရေခဲသေတ္တာထဲမှာ သိမ်းထားရပါမယ်။ နောက်ပြီးတော့ ရလာတဲ့ဂျယ်တွေကို အကြောပြတ်တဲ့နေရာတွေမှာ နေ့တိုင်းလိမ်းပေးရပါမယ်။
၁နာရီလောက်ကြာရင် ရေချိုးလို့ရပါပြီး။ ရှားစောင်းဂျယ်ကို တစ်နေ့၂ကြိမ်လိမ်းပေးရင် အကြောပြတ်တာတွေကို ပျောက်ကင်းစေပါတယ်။
Vitamin E
ခန္ဓာကိုယ်ပေါ်က အရေပြားဟာ Vitamin E ပါဝင်မူအပေါ်များစွာမူတည်နေပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် အကွက်တွေဖြစ်ပေါ်ရင် Vitamin E လိမ်းလိုက်ရင် သက်သာစေပါတယ်။
Vitamin E က အကြောပြတ်တာအသုံးပြုဖို့အတွက် အိမ်တွင်းဆေးတစ်လက်ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ Vitamin E ကိုလက်ထဲထည့်ပြီး အကြောပြတ်တဲ့နေရာတွေမှာ လိမ်းပေးရပါမယ်။ အိမ်ခါနီးလည်းလိမ်းလို့ရပါတယ်။
သံပုရာသီး
သံပုရာသီးမှာ Vitamin C များစွာပါဝင်ပြီးတော့ အသားအရေကို ထိန်းညှီပေးတဲ့ အစွမ်းရှိပါတယ်။ သုံပုရာရည်ကို အရေပြားမှာ လိမ်းပေးရင် အဆီပြန်တာကိုလျှော့ချပေးပါတယ်။
အသုံးပြုပုံကတော့ သံပုရာသီးကိုထက်ခြမ်း ခြမ်းပြီးတော့ အကြောပြတ်တဲ့နေရာတွေပေါ်မှာ ဝက်ဝိုင်းပုံစံပွတ်လိမ်းပေးရပါမယ်။ ၄၅မိနစ်လောက်ထားပြီး အဝတ်နဲ့သုတ်တာပဲဖြစ်ဖြစ် ရေချိုးတာပဲဖြစ်ဖြစ်လုပ်လို့ရပါတယ်။
ကြက်ဥအကာ
ကြက်ဥအကာဟာ ပရိုတိန်းဓာတ်နဲ့ အမီနိုအက်စစ်တွေ များစွာပါဝင်တာကြောင့် အသားအရေကို တောက်ပြောင်ပြီး ဖြူဖွေးစေပါတယ်။
ကြက်ဥအကာကို အသားအရေပေါ်မှာ မှန်မှန်လိမ်းပေးရင် အမာရွတ်တွေနဲ့ အကြောပြတ်တာကို ပျောက်ကင်းစေပါတယ်။ အသုံးပြုပုံကတော့ ကြက်ဥအကာကို ခွက်တစ်ခုထဲထည့်ထားရပါမယ်။
နောက်ပြီး အကြောပြတ်နေတဲ့နေရာကို သန့်ရှင်းအောင်ပြုလုပ်ပြီး ကြက်ဥအကာကို သုတ်လိမ်းပြီး ခြောက်အောင်ထားရပါမယ်။ နောက်ပြီးရင် ရေနဲ့ဆေးကြောပြီး အဲ့နေရာတွေကို သံလွင်ဖြစ်ဖြစ် moisturize တစ်မျိုမျိုးကို လိမ်းပေးရပါမယ်။ အနည်းဆုံး၄ပတ်လောက် နေ့တိုင်းလိမ်းပေးရပါမယ်။
သၾကား
သကြားကလည်း အမာရွတ်တွေကို ပျောက်ကင်းအောင်အသုံးပြုလို့ရပါတယ်။ အမာရွတ်တွေက ကြာလာရင် ခြောက်ပြီး အသားအရေကိုကြမ်းတမ်းလာစေပါတယ်။
အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ခြောက်နေတာတွေကို ဖယ်ရှာပြီး အမာရွတ်တွေနဲ့ အကြောပြတ်တာတွေကို အရောင်ဖျော့စေပါတယ်။ အသုံးပြုပုံကတော့ ခွက်တစ်ခုထဲကို သကြားနည်းနည်းထည့်ပြီး သံပုရာရည်အနည်းငယ်နဲ့ သံလွင်ဆီအနည်းငယ်ရောပြီး မွှေပေးရပါမယ်။
နောက်ပြီးရင် ကိုယ်အသုံးပြုချင်တဲ့နေရာမှာ သုတ်လိမ်းပြီး ၅ (သို့) ၁၀ မိနစ်လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးပြီး သံလွင်ဖြစ်ဖြစ် moisturize တစ်မျိုမျိုးကို လိမ်းပေးရပါမယ်။
ပျားရည်နဲ့သံလွင်ဆီ
ပျားရည်က အသားအရေကို ထောက်ပစေပြီး သံလွင်ဆီကတော့ အသားအရေကို အစိုဓာတ်ထိန်းပေးပါတယ်။ သူတို့နှစ်ခုပေါင်းစပ်ပြီး လိမ်းပေးရင် အသားအရေပြဿနာကို ဖြေရှင်းပေးပါတယ်။
အသုံးပြုပုံကတော့ ခွက်တစ်ခုထဲကို သံလွင်ဆီစားပွဲတင်ဇွန်း ၂-၃ဇွန်းနဲ့ ပျားရည် ်ဆီစားပွဲတင်ဇွန်းတစ်ဝက် ကိုရောပြီး လိမ်းပေးရပါမယ်။ နောက်ပြီး ၄၅မိနစ်လောက်ကြာအောင်ထားပြီး ရေနဲ့ဆေးလိုက်ရင်ရပါပြီး။
Credit
zawgyi
ရှားစောင်းလက်ပတ်
Vitamin E
သံပုရာသီး
ကြက်ဥအကာ
သကြား
ပျားရည်နဲ့သံလွင်ဆီ
Credit
Leave a Reply
Your email address will not be published. Required fields are marked *