ပျောက်ကွယ်လုနီးပါးရှိနေသော ရှေးထုံး အစဥ်အလာ စကားများ

၁ ။ သင်ဖြူးအိပ်ရာ ၊ ခေါင်းပေါင်းမှာ ထေးဖာ မသုံးနှင့် ။

၂ ။ ရေလည်ခေါင်းပေါင်း မကောင်းတစ်လီ အင်္ကျီ လည်ခွံပြတ်စုတ် မချုပ်နှင့် ။

၃ ။ ဥစ္စာမာန်အား ဤသုံးပါး ကိုယ်စား မပြုနှင့် ။

၄ ။ လူကြီး မိဘ မိတ္တတစ်ထွေ မိုးမြေတစ်သင်း နေလမင်း မုန်းတင်းစကား မဆိုနှင့် ။

၅ ။ သတင်းအရှိန် စည်းစိမ်ပညာကြီးသူမှာ ၀င်ကာမခိုသင့် ။

၆ ။ သူ၏ ဦးခေါင်း တစ်ကြောင်း ကျည်ပွေ့ အရှေ့ထရံ ဤ ၃ တန် ခုန်ပျံမကျော်နှင့် ။

၇ ။ ကြိုးကြိမ်တန်းနှင့် တံခါးလက်ကတုံး ၃ ခုလုံး ကုန်းကွ၀င်လို့ မလျှိုနှင့် ။

၈ ။ သားတစ်သီဖို့ မဲတံစို့ ထောင်လို့ မထားနှင့် ။

၉ ။ ခရီးရောက်ခါ အိပ်ရာထစ ဒေါသမျက်ပွား ဤသူများ စကားလိုရာ မမေးနှင့် ။

၁၀ ။ မသန့်ပြန့် တစ်ခန်း လမ်းလယ်တစ်ရပ် သူမြတ်နေရာ ဤ ၃ ဖြာ တက်ကာ မနေနှင့် ။

၁၁ ။ နှုတ်ပိုက်ရှိငြား မိန်းမများ သွား၍ မချီနှင့် ။

၁၂ ။ မိန်းမမွေးနေ့ သီတင်းနေ့ နေ့လယ်အခါ ဤ ၃ ဖြာ ကာမမြူးထူး မကျူးနှင့် ။

၁၃ ။လိုမရှိခါ အင်္ဂါမှန် (ကျောင်းကန်ဘုရား)သွားရင်း တစ်ထွေ သန္ဓေရင့်မာ ဤအခါ ကာမမြူးထူး မကျူးနှင့် ။

၁၄ ။ဆရာမိဘ ကိစ္စတစ်ထွေ မီးနှင့်ရေ မထီလေးစား မပြုနှင့်။

၁၅ ။ စလောင်းတစ်တန် ပန်ကန်တစ်သီး ဤမြေကြီး ခတ်တီး မပြုနှင့် ။

၁၆ ။ ထမင်းဟင်းအိုး မွှေထိုးယောက်မ လက်ကိုင်က မီးမှာ ပြန်ကာ မထိုးနှင့် ။

၁၇ ။ မီးမတောက်လျှင် စားဖိုခွင် ပြိုင်ယှဉ် နှစ်ယောက် မမှုတ်နှင့် ။

၁၈ ။ ခေါင်းပေါင်းတစ်မျိုး ပုဆိုးတဘက် သစ်ရွက်နားပန် ဆံပင်တစ်လက် ဤ ၄ ရပ် ဖြတ်တိ မပြုနှင့် ။

၁၉ ။ လက်ဆုံစားလူ အိမ်နေသူ ကိုယ်မူ နှုတ်ပိုက်ရှိ ဆင်၊မြင်း၊ကျွဲ၊နွား စသည်များ ၀ယျမှားဘေးဒဏျထိ ။

၂၀ ။ အဦးသီးသစ်ဦး ဖလမိန်းမ မဆွတ်ကောင် ၊ မိန်းမဆွတ်ငြား သစ်သီးများ ပျက်ပြားသိမ်ဖျင်းကြောင်း ။

၂၁ ။ သန္ဓေရင့်မာ မိတ်သဟာ မင်္ဂလာလက်ဖွဲ့ မပြုနှင့် ။ဘာပဲဖြစ်ဖြစ် လိုက်နာရင် ကိုယ်အတွက်ကောင်းတာတွေ အများကြီးပါတယ်လို့ ယူဆနိုင်ပါတယ် ။

အခုခေတ် မြန်မာတွေကတော့ ဒါတွေဟာ လောကီအယူအဆတွေပါ နိဗ္ဗာန်ရောက်ကြေင်း မဟုတ်ဘူးလို့ ပြောချင် ပြောနေပါ လိမ့်မယ် ။

ဒါပေမယ့် ဗဟုသုတအနေဖြင့် လေ့လာသင့်ပါတယ်။Credit-Original Writer

Zawgyi

၁ ။ သင္ျဖဴးအိပ္ရာ ၊ ေခါင္းေပါင္းမွာ ေထးဖာ မသုံးႏွင့္ ။

၂ ။ ေရလည္ေခါင္းေပါင္း မေကာင္းတစ္လီ အကၤ်ီ လည္ခြံျပတ္စုတ္ မခ်ဳပ္ႏွင့္ ။

၃ ။ ဥစၥာမာန္အား ဤသုံးပါး ကိုယ္စား မျပဳႏွင့္ ။

၄ ။ လူႀကီး မိဘ မိတၱတစ္ေထြ မိုးေျမတစ္သင္း ေနလမင္း မုန္းတင္းစကား မဆိုႏွင့္ ။

၅ ။ သတင္းအရွိန္ စည္းစိမ္ပညာႀကီးသူမွာ ၀င်ကာမခိုသင့် ။

၆ ။ သူ၏ ဦးေခါင္း တစ္ေၾကာင္း က်ည္ေပြ႕ အေရွ႕ထရံ ဤ ၃ တန္ ခုန္ပ်ံမေက်ာ္ႏွင့္ ။

၇ ။ ႀကိဳးႀကိမ္တန္းႏွင့္ တံခါးလက္ကတုံး ၃ ခုလုံး ကုန္းကြ၀င္လို႔ မလွ်ိုႏွင့္ ။

၈ ။ သားတစ္သီဖို႔ မဲတံစို႔ ေထာင္လို႔ မထားႏွင့္ ။

၉ ။ ခရီးေရာက္ခါ အိပ္ရာထစ ေဒါသမ်က္ပြား ဤသူမ်ား စကားလိုရာ မေမးႏွင့္ ။

၁၀ ။ မသန႔္ျပန့္ တစ္ခန္း လမ္းလယ္တစ္ရပ္ သူျမတ္ေနရာ ဤ ၃ ျဖာ တက္ကာ မေနႏွင့္ ။

၁၁ ။ ႏႈတ္ပိုက္ရွိျငား မိန္းမမ်ား သြား၍ မခ်ီႏွင့္ ။

၁၂ ။ မိန္းမေမြးေန႕ သီတင္းေန႕ ေန႕လယ္အခါ ဤ ၃ ျဖာ ကာမျမဴးထူး မက်ဴးႏွင့္ ။

၁၃ ။လိုမရွိခါ အဂၤါမွန္ (ေက်ာင္းကန္ဘုရား)သြားရင္း တစ္ေထြ သႏၶေရင့္မာ ဤအခါ ကာမျမဴးထူး မက်ဴးႏွင့္ ။

၁၄ ။ဆရာမိဘ ကိစၥတစ္ေထြ မီးႏွင့္ေရ မထီေလးစား မျပဳႏွင့္။

၁၅ ။ စေလာင္းတစ္တန္ ပန္ကန္တစ္သီး ဤေျမႀကီး ခတ္တီး မျပဳႏွင့္ ။

၁၆ ။ ထမင္းဟင္းအိုး ေမႊထိုးေယာက္မ လက္ကိုင္က မီးမွာ ျပန္ကာ မထိုးႏွင့္ ။

၁၇ ။ မီးမေတာက္လွ်င္ စားဖိုခြင္ ၿပိဳင္ယွဥ္ ႏွစ္ေယာက္ မမႈတ္ႏွင့္ ။

၁၈ ။ ေခါင္းေပါင္းတစ္မ်ိဳး ပုဆိုးတဘက္ သစ္႐ြက္နားပန္ ဆံပင္တစ္လက္ ဤ ၄ ရပ္ ျဖတ္တိ မျပဳႏွင့္ ။

၁၉ ။ လက္ဆုံစားလူ အိမ္ေနသူ ကိုယ္မူ ႏႈတ္ပိုက္ရွိ ဆင္၊ျမင္း၊ကြၽဲ၊ႏြား စသည္မ်ား ၀ယျမှားဘေးဒဏျထိ ။

၂၀ ။ အဦးသီးသစ္ဦး ဖလမိန္းမ မဆြတ္ေကာင္ ၊ မိန္းမဆြတ္ျငား သစ္သီးမ်ား ပ်က္ျပားသိမ္ဖ်င္းေၾကာင္း ။

၂၁ ။ သႏၶေရင့္မာ မိတ္သဟာ မဂၤလာလက္ဖြဲ႕ မျပဳႏွင့္ ။ဘာပဲျဖစ္ျဖစ္ လိုက္နာရင္ ကိုယ္အတြက္ေကာင္းတာေတြ အမ်ားႀကီးပါတယ္လို႔ ယူဆနိုင္ပါတယ္ ။

အခုေခတ္ ျမန္မာေတြကေတာ့ ဒါေတြဟာ ေလာကီအယူအဆေတြပါ နိဗၺာန္ေရာက္ေၾကင္း မဟုတ္ဘူးလို႔ ေျပာခ်င္ ေျပာေနပါ လိမ့္မယ္ ။

ဒါေပမယ့္ ဗဟုသုတအေနျဖင့္ ေလ့လာသင့္ပါတယ္။Credit-Original Writer

Leave a Reply

Your email address will not be published. Required fields are marked *