ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများ သတိပြု ဆင်ခြင်ဖွယ်ရာ(နှစ်ပေါင်းများစွာ စားလာတာ ဘာမှမဖြစ်ဘူးလို့ လျော့မတွက်စေချင်ဘူး)

ထမင်းကြမ်း၊ ထမင်းကြော် စားတတ်သူများ သတိပြု ဆင်ခြင်ဖွယ်ရာ(နှစ်ပေါင်းများစွာ စားလာတာ ဘာမှမဖြစ်ဘူးလို့ လျော့မတွက်စေချင်ဘူး)

ဆန်ဟာ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်ပါတယ်။ အာဟာရ ဓာတ်လည်း ကြွယ်ဝသလို၊ ဓာတ် မတည့်တာ

မျိုးတွေလည်း တော်တော် ဖြစ်တဲ့အတွက် အားလုံး အဆင်ပြေပြေ စားသုံးနေတဲ့ အစားအစာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆန်ဟာ အထားအသို၊ စားသောက်ပုံ မှားသွားခဲ့ရင် တော်တော် ဆိုးဆိုးရွားရွား ဒုက ္ခပေးနိုင်တယ် ဆိုတာ သိထားဖို့ အရမ်း အရေးကြီး ပါတယ်။

တခါတလေ အစားများ သွားတဲ့ အခါ မျိုးတွေမှာ ဟင်းတွေထဲမှာ ဓာတ် မတည့်တာမျိုး ရှိနေလို့ လို့ပဲ ထင်တတ် ကြပေမယ့် တကယ်တန်းမှာ

ဟင်းကြောင့် မဟုတ်ပဲ ထမင်းက ဖြစ်နေတာ မျိုးလဲ ရှိပါတယ်။ ဆန်ကို နည်းလမ်း မှန်စွာ မချက်ပြုတ်တဲ့ အခါ အစာ အဆိပ်သင့် တတ်ပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အတွင်းက အမေရိကန်နိုင်ငံ Texas ပြည်နယ်က အမျိုးသမီး တစ်ယောက်ဟာ (၈) ရက် တိတိ အရေးပေါ် အနေနဲ့ ဆေးရုံ တက်ခဲ့ ရပါတယ်။

အကြောင်းရင်း ကတော့ သူမဟာ ဘူဖေး ဆိုင်က ထမင်းကြော် စားမိ လိုက်လို့ပါ။

ထမင်းကြော်ဟာ ကြော်ပြီး အချိန် ကြာတာနဲ့ အမျှအခန်း အပူချိန်ကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ ဖြစ်ပေါ်လာပြီး အစာ အဆိပ် သင့်မှုတွေ ဖြစ်စေ ခဲ့တာပါ။

ဒါကို Fried Rice Syndrome လို့ ခေါ်ပါတယ်။ထမင်းကြမ်း စားတတ်တဲ့ သူတွေ အနေနဲ့

လည် ပြန်နွေးတဲ့ အခါမှာ ပူနွေး နေအောင် နွှေးဖို့ လိုအပ်ကြောင်း အထူး သတိပြု ရပါမယ်။

ထမင်းကြမ်း ပြန်နွှေးပြီး စားတတ် သူတွေ မှာလည်း အစာ အဆိပ် သင့်မှုတွေ ဖြစ်ပေါ် နိုင်တာကြောင့်ပါ။ ဖြစ်နိုင် ရင်တော့ ထမင်းကြမ်းတွေကို မစားဘဲ နေရင် အကောင်းဆုံး ပါပဲ။

ထမင်းကို ရေခဲသေတ္တာ ထဲမှာ ပူနေတုန်း မထည့်ဘဲ အအေးခံပြီးမှ ထည့်ပါ။နောက်ပြီး ရေခဲသေတ္တာ ထဲမှာ တစ်ရက်ထက် ပိုကြာအောင် မထားရ ပါဘူး။ထမင်းကို ပြန်နွှေးတဲ့ အခါ မှာလည်း ပူနွေး နေအောင် နွှေးရ ပါမယ်။

နောက်ပြီး ထမင်းကြမ်း တွေကို တစ်ခါထက် ပိုပြီး လုံး၀ ပြန်မနွှေး သင့်တော့ သလို၊ စားလည်း မစားသင့် တော့ပါဘူး။

ထမင်း ကြမ်း တွေက အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်

အိမ်ရှိ လူတွေနဲ့ ထမင်း ကို အံကိုက် အပို အလျှံ မရှိ ချက်ရတာ မလွယ် ပါဘူး။အမြဲ လိုလို ထမင်း က ကျန်လေ့ ရှိ ပါတယ်။ အဲ့ဒီ ကျန်တဲ့ ထမင်း ကို နောက်နေ့ မှာ မနက် စာ၊နေ့လည် စာ ပြန်စားလေ့ ရှိပါတယ်။

အဲ့လို ကျန်တဲ့ ထမင်းကြမ်း တွေကို စားရင် အစာ အဆိပ် သင့်မှုကို ဖြစ်စေ နိုင်ပါတယ်။

မချက်ရ သေးတဲ့ ဆန်မှာ အစာ အဆိပ် သင့်မှု ကို ဖြစ်စေတဲ့ Bacillus Cereus ကို ထုတ်လုပ် ပေးနိုင်တဲ့ ဆဲလ်တွေ ပါဝင် ပါတယ်။Bacillus Cereusက ထမင်း ချက်ပြီး ရင်တောင် ရှင်သန် နိုင်ပါတယ်။

ပြဿနာက ထမင်း ချက်ပြီး ထမင်း တွေကို အခန်း အပူအချိန်မှာ ထားထား တာပါ။အစာ အဆိပ် သင့်မှုကို ဖြစ်စေတဲ့ ဘက်တီးရီးယား တွေက အခန်း အပူချိန် အတွင်း ပေါက်ဖွား လာပါ တယ်။

ဒါကြောင့် နောက်နေ့ ထမင်းအကျန်တွေ စားတဲ့အခါမှာ အစာအဆိပ်သင့်မှု ဖြစ်ရတာပါ။

ဒါကြောင့် အမေရိကန် အမျိုးသား ကျန်းမာရေးဌာနက ချက်ပြီးသား ထမင်းကိုအခန်းအပူချိန် မှာ ၁ နာရီ ထက် ပိုပြီး မထားသင့်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စားပြီး ချက်ခြင်း ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားရင်အစာအဆိပ်သင့်တာကို ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပေါက်တာကို တားဆီးနိုင်ပါတယ်။Credit;

Leave a Reply

Your email address will not be published. Required fields are marked *