ဆေးဖက်ဝင်ဇရစ်အကြောင်း

ကျေးလက်ဟင်းလျာ အစားအစာတို့တွင် နှုတ်မြိန်စေသော ဟင်းလျာထဲ ဇရစ်လည်းပါ၏ ကျေးလက်ဒေသခံတို့အတွက် နှုတ်မြိန်ရုံမျှမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်သည်။ ဇရစ်ပင်သည် ဆူးရှိသော အပင်ငယ်မျိုးဖြစ်သည်။ ဇရစ်၏ရုက္ခဗေဒအမည်မှာ Lasia Heterophyllaဖြစ်သည်။

တိုင်းရင်းဆေးအမြင်

မြန်မာတိုင်းရင်းဆေး ဓာတ်သဘောအရ သီတကော တေဇောဓာတ်ဖြစ်သည်။ ချို၊ ဖန်၊ ချွဲ၊ အေးအရသာရှိသည်။ ဂုဏ်အားဖြင့် လည်းပင်းနာ၊ မြင်းသရိုက်နာများကို ပျောက်ကင်းစေသည်။ ဇရစ်ကိုကြော်စား၊ ချက်စား၊ ပြုတ်တို့စား၊ အချဉ်ဟင်း ချက်စား၊ သနပ်လုပ်စားကြသည်။

အိန္ဒိယဆေးကျမ်းအရ

ဇရစ်မြစ်သည် လည်ချောင်းရောဂါအတွက် ဆေးတစ်လက် ဖြစ်သည်ဆိုသည်။ဆေးဖက်ဝင်သော ဟင်းလျာများဇရစ်ရွက်နှင့် ငါးကြင်းသားချက်စားပေးပါက မြင်းသရိုက်ရောဂါ၊ ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါ၊

လည်ကုတ်ရောဂါ၊ စောင်းရွဲ့သော လေရာဂါတို့ကို ဆေးဝါးဓာတ်စာအဖြစ် အသုံးပြုနိုင်သည်ထိုပြင် လေသင်တုန်းဖြတ်ခြင်းနှင့်လည်ချောင်းဆို့သော ရောဂါများကိုလည်း သက်သာစေနိုင်သည်။

ဇရစ်နှင့် ငါးမြင်းရင်သား ထိုဟင်းလျာသည် ချွဲသလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကို သက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။

ဇရစ်နှင့် ပုဇွန်ခြောက်သုပ် ထိုအသုပ်ကို စားပေးခြင်းဖြင့် လည်ချောင်းနာသူကို သက်သာစေပါသည်။ထိုပြင်ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိုးမျိုးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသောဟင်းသီးဟင်းရွက် အသားငါး ပုဇွန်တို့ဖြင့်ရောနှော၍ ချက်ပြုတ်စားလျက်ရှိသည်။

တိုင်းရင်းဆေးအသုံးများ

(၁) ဇရစ်မြစ်(၅)ကျပ်သား၊ ကုန်းထိကရုံး(၅)ကျပ်သားစီကို အမှုန့်ပြုလျက် ပုလင်းဖြင့် ထည့်ထားပါနေ့စဉ် ဆိတ်နို့စစ် တစ်ခွက်ဖြင့် ဆေးမှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း ထည့်ပြီးသောက်ပေးပါက လိင်ပိုင်းဆိုင်ရာ အင်အားကုန်ခန်း၍ဖြစ်သော ကာမဆန္ဒ အားနည်းခြင်းကို ပြန်လည်ပြည့်ဝစေပါသည်။

(၂) ထိုဆေးမှုန့်ကို နှမ်းဆီစစ်စစ်ဖြင့် ဖျော်ပြီး ကိုယ်ခန္ခာယားယံခြင်း၊ ဝဲနာရောဂါ၊ ဝဲစိုရောဂါ၊ဝဲခြောက်ရောဂါများကို လိမ်းပေးနိုင်သည်(စာကိုး။ ဆေးသိပ္ပံအမြင်နှင့် သဘာဝကုထုံးများ)

မီးယပ်အဖြူဆင်းခြင်းအတွက်

အမျိုးသမီးတိုင်း အရွယ် (၃) ပါးမရွေး ဖြစ်တတ်တဲ့ မီးယပ်အဖြူ ဆင်းခြင်းအတွက် လွယ်ကူပြီးလက်တွေ့ပျောက်ကင်းခဲ့တဲ့ နည်းလေးအချို့ကို မျှဝေလိုက်ပါတယ်။အခု ဖော်ပြတဲ့ နည်းလေးတွေကတော့ (၁) ရက် (၂) ရက်စားသုံးရုံနဲ့တော့ မပျောက်ကင်းပါဘူး ဇွဲရှိရှိနဲ့ ရက်ရှည် ၊လရှည် စွဲစားပေးမှ ဝေဒနာ ပျောက်ကင်းစေမှာပါ ။

( ပထမနည်း )

ထမင်းရည်ကို ဟင်းထည့်ပန်းကန် (၁) လုံးခန့် ရေသောက်သလိုမျိုး နေ့စဉ် သောက်ပေးရပါမယ် ရက်အကန့် အသတ် မရှိပဲ ရက်ရှည် ၊ လရှည်စွဲပြီး ဖြစ်နိုင်ရင်အမြဲပဲ သောက်ပေးရပါမယ် ဇွဲရှိရှိနဲ့ သောက်ပေးရင်ရာသီအဖြူ ( အခဲလိုက်ကျဆင်းခြင်း ) ကိုပင် လက်တွေ့ပျောက်ကင်းစေပါတယ် ။

( ဒုတိယနည်း )

ဇရစ်ဖူးလေးတွေကတော့ တစ်စည်းမှ (၅၀) ကျပ်ပဲ ပေးရပြီး ဈေးထဲမှာ အလွယ်တကူ ရရှိနိုင်ပါတယ် ဇရစ်ဖူးရဲ့ နုတဲ့ အစိတ်အပိုင်းလေးတွေကို ဓားပြားနဲ့ရိုက် ၊ အနေတော်လှီးဖြတ်ပြီး ဆားနဲ့ အနည်းငယ် နယ်ပေးပါ ။တစ်ခဏ ထားပြီးလျှင် ရေနဲ့ဆေးကြောပြီး ရေညှစ်ပါ ။

ကြက်သွန်နီ ( သို့ ) အဖြူကို ပုဇွန်စို ( သို့ ) ပုဇွန်ခြောက်နဲ့ရော၍ ဆီသတ်ပြီး ဇရစ်ဖူးကို ထည့်၍ ကြော်ချက်ပါ ( အရသာ မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်) ဇရစ်ဖူးကြော်ချက်ကို ထမင်းနဲ့ စားရပါမယ်

တစ်ပတ်လျှင် (၄)ကြိမ်ခန့် အရန်ဟင်းအနေနဲ့ နေ့စဉ် စားပေးနိုင်ရင်တော့အကောင်းဆုံးပါ ဇရစ်ဖူးကို မန်ကျည်းသီးမှည့်နဲ့ ပြုတ်ပြီးတို့စရာ အနေနဲ့လည်း စားပေးနိုင်ပါတယ် လရှည်ခံစားနေရတဲ့ ဝေဒနာ လက်တွေ့ပျောက်ကင်းစေပါတယ် ။

( တတိယနည်း )

ပီလောပီနံပြုတ် ( ကလောပီနံ ) ကို ဆား၊ ဆီ တို့နဲ့ တို့စားပေးပါ ။ဂျစ်နဲ့ ခြစ်ပြီး သကြား၊ အုန်းသီးဖြူးပြီးလည်း စားပေးနိုင်ပါတယ် တစ်ပတ်လျှင် (၄) ကြိမ်ခန့် စားပေးပါ လက်တွေ့ပျောက်ကင်းပါတယ် ။

ဆောင်ရန် ၊ ရှောင်ရန် အနေနဲ့ကတော့
အပူ၊ အစပ်များ အတတ်နိုင်ဆုံး ရှောင်ပါ ၊သောကဖြစ်စရာ၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ပျော်ရွှင်အောင်ထားပါ

မိမိ အသုံးအဆောင် ပစ္စည်းများကို သန့်ရှင်းစင်ကြယ်စွာ ထားပါ ရောဂါပိုးမွှား မဝင်ရောက်စေရန် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ ။မှတ်ချက် ဒီနည်းလေးတွေကတော့ ကျမနဲ့ မိတ်ဆွေ အစ်မများရဲ့ လက်တွေ့ပျောက် ကင်းခဲ့တဲ့ နည်းလေးတွေပါ ။ ဒီလို ဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင်

ဒီလို ဝေဒနာ ခံစားရတဲ့ အစ်မ ၊ ညီမများ ဆန္ဒရှိရင် အသုံးပြုကြည့် နိုင်ပါတယ်ရှင်
အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေ
credit-

Leave a Reply

Your email address will not be published. Required fields are marked *