“အရိုးကျိုးအရိုးဆက်ဒဏ် အရှင်းပျောက်ပြီး ထုံကျဉ်ကိုက်ခဲပျောက်တဲ့ မြန်မာ့ဆေးနည်”

အရိုးကျိုးအရိုးဆက် ဒဏ်နာအရှင်းပျောက် ထုံကျဉ်ကိုက်ခဲပျောက်တဲ့ မြန်မာ့ဆေးနည်းလေးကို လိုသူတွေသုံးနိုင်အောင်မျှဝေလိုက်ပါတယ်နော်…

ဤဆေးနည်းသည် အရိုးတခါ နှစ်ခါကျိုးထားသည့် သူများပင် လက်တွေ့ပျောက်ကင်း၍ အလုပ်ကြမ်းများပင်လုပ်ဆောင်နိုင်နေကြပြီဖြစ်သည် ။

ထိုကြောင့် ယုံယုံကြည်ကြည်ဖြင့်အညွှန်းအတိုင်းပြုလုပ်ပါလေ….အညွှန်း…မိသလင်ဥအစိမ်း, နနွင်းစိမ်း,ပျဉ်းတော်သိမ်ရွက်,မာလာဥစိမ်း, သက်ရင်းကြီးရွက်, နဘူးဆီးမခမ်း,ထမင်းဖြူ, (ဝက်ဆီနှင့်မလွှရွက်,ထည့်လည်းရ မထည့်လည်းရသည်)…

ပြုလုပ်ပုံ…ပါဝင်ပစ္စည်းများကိုအနည်းငယ်စီညက်အောင်ထောင်း၍ အဝတ်သန့်သန့်ဖြင့်ထည့်ပီး အနည်းငယ်နွေးနေအောင်မီးပြ၍(မီး မပြလို့ရင် ရေနွေးအိတ်ကပ်၍) နွေးလာလျှင် ဖြစ်ပွားသည့်နေရာပေါ်သို့အုံပြီး ကျပ်စည်းပေးရပါသည်။

အချိန်..၁ရက်၂ရက် အုံထားသည့်ဆေးများခြောက်ရင် ထိုနည်းအတိုင်းထပ်၍ အုံ ကျပ်စည်းပေးပါ ပျောက်ကင်းသည်အထိစိတ်ရှည်လက်ရှည်ပြုလုပ်ပါ ပျောက်ကင်းပါသည်။

မှက်ချက်..နနွင်းနှင့် အနာစိုဓာတ်မတည့်လျှင်နနွင်းမထည့်ပါနှင့်, စိတ်မရှည်လျှင်မပျောက်ပါ, ကျပ်စည်းကာလမှာငြိမ်သက်စွာနေဖို့လိုအပ်သည့်အတွက်ပြင်းထန်စွာ လှုပ်ရှားမှုများမပြုလုပ်ပါနှင့်,ညော်ရှောင်ဖို့လိုအပ်သည်..

ကျပ်ပေါ်သို့ ရေနွေးအိတ်လေးဖြင့်အနည်းငယ်နွေးအောင်လုပ်ဖို့လိုအပ်သည်မန်းဆေး သောက်ဖို့လိုအပ်သည်..အားလုံးသောသတ္တဝါတွေ ကျမ်းမာချမ်းသာကြပါစေ….. .
zawgyi







Leave a Reply

Your email address will not be published. Required fields are marked *