စီပွားရေး တစ်နေ့တစ်ခြားတက်လာစေမည့်အိမ်အတွင်းအပြင် အထားအသိုအပြင်အဆင်များ

ထမင်းစားတဲ့အခါ အိမ်တံခါးမကြီးဘက်ကိုမျက်နှာမူပြီးဘယ်တော့မှမစားမိပါစေနဲ့ အစားအစာခေါင်းပါးတတ်ပါတယ် စီးပွားရေးကျဆင်းတတ်ပါတယ် အိမ်သူအိမ်သားအားလုံးကိုလည်းပြောပြထားပါ

စီးပွားတက်ချင်ရင် အိမ်အပြင်က ရေကန်ပုံရိပ်ကို မှန်ထဲမှာပေါ်နေအောင် အိမ်အတွင်းမှာချိတ်ထားပါ အဲဒါအပြင်က “လာဘ်”ကိုချူတဲ့သဘောပါ မဖြစ်မနေလုပ်ထားကြပါ

အိမ်ဦးခန်း သို့မဟုတ် အိမ်ရှေ့မျက်နှာစာမှာဖီးဖိုအိမ် မီးဖိုခန်းထားပြီး ချက်ပြုတ်ကြော်လှော်နေတာတွေ လုံးဝမလုပ်ပါနဲ့ အိမ်သူအိမ်သာတွေအပူသောကကြီးကြီးမားမားကြုံတွေရတတ်ပြီး အိမ်ထောင်ဦးစီး ကျန်းမာရေး ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်

တံမြက်စီး လှည်းတဲ့အခါ မနက်၁၂နာရီအတွင်းဆိုရင် အိမ်အတွင်းကိုလှဲပါ အိမ်အပြင်ဘက်ကိုလုံးဝမလှဲမိပါစေနဲ့ လှဲတဲ့အခါ ငွေတွေ လာဘ်လာဘတွေဝင်ပါစေလို့ စိတ်ကဖြစ်စေ

နှုတ်ကဖြစ်စေပြောဆိုပြီးလှဲပါ ပြီးမှအမှိုက်ကျုံးတဲ့ခွက်နဲ့ကျုံးပြီးအမှိုက်ပုံးထဲထည့်ပါ နေ့လည် ၁၂နာရီမှ ညနေဘက်အမှိုက်လှဲရင် အိမ်အပြင်ဘက်ကိုလှဲပါ

အိမ်အတွင်းကို လုံးဝမလှဲမိပါစေနဲ့ လှဲနေစဥ် ငါ့အိမ်ထဲမှာရှိတဲ့ မကောင်းတဲ့အငွေ့အသက်တွေ မကောင်းတာတွေ အပြင်ကိုထွက်ထွက်လို့ နှုတ်ကပြောပြီးလှဲပါ

အိမ်က ဘုရားကျောင်းဆောင်မှာ ဘုရားပန်းတွေခြောက်နေရင် အမြန်ဆုံးလဲပစ်ပါ လာဘ်တိတ်စေပါတယ် ဘုရာကျောင်းဆောင်မှာ ဘုရားနှစ်ဆူပဲရှိနေရင် အိမ်သူအိမ်သားတွေ စိတ်ဝမ်းကွဲတတ်ပါတယ် သုံးဆူပြည့်အောင်ပင့်ထားပါ

အိမ်မှာ ဘာလုပ်လုပ်အတိုက်အခံတွေများနေရင် အဆင်မပြေမှုတွေများနေရင် သံပရာသီးကို သွားကြားထိုးတံနဲ့ ကြက်ခြေခတ် ထုတ်ခြင်းပေါက်ထိုးပြီး အိမ်တံခါးမကြီးပေါ်ကိုတင်ထားပါ ဆွဲထားပါ အတိုက်အခံ ရန်တွေကင်းစင်သွားပါလိမ့်မည်

မိမိအိမ်ဝိုင်းအတွင်း မကောင်းတဲ့အငွေ့အသက်တွေ မကောင်းတဲ့ပညာတွေနဲ့ လုပ်ထားသလိုခံစားနေရရင် စိတ်ထဲမသန့်သလိုခံစားနေရရင် အိုးအသစ်တစ်လုံးထဲ ဆားထည့်ပြီး ရေတစ်ဝက်ခန့်ထည့်၍ အိမ်မှာထားပါ

မကောင်းတာမှန်သမျှ ဆားက စုပ်ယူသွားပါလိမ့်မည် မကျွတ်မလွတ်သော ပရလောကသားများ အိမ်ဝိုင်းထဲမှာရှိနေလျှင် ရှာလကာရည်နဲ့ ဝိုင်းအနှံ့ပက်ဖျန်းပေးပါ

အားလုံးဝေးရာကို ထွက်ခွာသွားပါလိမ့်မည်၊အိမ်ရှေ့မှာ ကားဂိုဒေါင်မထားပါနဲ့ ကားရပ်တဲ့အခါ အိမ်နဲ့ဦးတိုက်လုံးဝမရပ်ပါနဲ့သင့်ရဲ့ကံကောင်းခြင်းတွေ ရပ်တန့်ပိတ်ဆို့သွားတတ်ပါတယ်

ဧည့်ခန်းအတွင်း ရုံးခန်းအတွင်းမှာ ကျားသရေ ဆတ်ချို ကျွဲချို တွေမထားပါနဲ့ စီးပွားရေး ဆုတ်ယုတ်ပျက်စီးတတ်ပါတယ်
Crd

Leave a Reply

Your email address will not be published. Required fields are marked *