သလိပ်ကျပ်၊ ပန်းနာ၊ ဝမ်းရောဂါများအတွက် မင်သော်ပင်

မင်သော်ပင် ကနှစ်မျိုးရှိပါတယ်။ အရွက်နီနဲ့ အရွက်စိမ်းဆိုပြီးလေ.။မင်သော်ပင်က ကျွန်တော်တို့ အညာဒေသမှာတော့အလွန်ပေါပါတယ်…။

မင်သော်ပင်က မြေမှာ ကပ်ပေါက်တာလေ……..။ မင်သော်ပင်က ဆေးသုံးဝင်တယ်ဗျ…။ကလေးမွေးပြီးခါစ မိခင်များ မင်သော်ရွက်ကို သုပ်စားပါက နို့ထွက်ကောင်းပါတယ်..။

ဝမ်းဗိုက်တွင်းအပူ အားကြီးရင်လည်း အရွက်ကို သုပ်စားရပါတယ်…။ ကလေးများ သလိပ်ကျပ်သောရောဂါဖြစ်လျှင် ပဉ္စငါးပါးပြုတ်ရည်ကို တိုက်ရပါတယ်…။

နောက်တစ်ခါ လူကြီးတွေ ပန်းနာ၊ လေပြွန်ချောင်းယောင်တင်းတဲ့ ရောဂါတွေ ဖြစ်ရင်လည်း ပဉ္စငါးပါး ပြုတ်ရည်ကို တိုက်ရပါတယ်…။ အဲဒါတွေကတော့ လက်တွေ့ အသုံးပြုကြပါတယ်…။

နောက် ကျွန်တော် လူကြီးတွေ ပြောသံကြားဖူးတာကတော့ ပန်းသေ၊ ပန်းညှိုး ဖြစ်တဲ့ သူကို နွားနို့ ၁၅ ကျပ်သားကို ၊ ၅ ကျပ်သားလောက် ကျန်အောင်ကျိုရပါတယ်…။မင်သော်ရွက်ကို ရေဆေးပြီးစား၊ ပြီးလျှင် ခဏက ကျိုထားတဲ့ နွားနို့ကို သောက်ရတယ်တဲ့ဗျာ…။ အဲဒါသောက်ရင် တကယ်ပျောက်တယ်တဲ့ဗျာ…။

ကျွန်တော်မသိတဲ့ အသုံးဝင် ဆေးနည်းတွေ ရှိအုံးမှာပါ…။ ဒါကတော့ ကျွန်တော်သိသလောက်လေး
ရေးလိုက်တာပါ…

ဖြည့်စွက်

ဝမ်းရောဂါမှန်သမျှအတွက် သတ္တုရည်ကိုသကြားအနည်းငယ်နဲ့ထည့်သောက်ပါက အထူးပျောက်ကင်းကြောင်း။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။
zawgyi

မင္ေသာ္ပင္ ကႏွစ္မ်ိဳးရွိပါတယ္။ အ႐ြက္နီနဲ႕ အ႐ြက္စိမ္းဆိုၿပီးေလ.။မင္ေသာ္ပင္က ကြၽန္ေတာ္တို႔ အညာေဒသမွာေတာ့အလြန္ေပါပါတယ္။

မင္ေသာ္ပင္က ေျမမွာ ကပ္ေပါက္တာေလ..။ မင္ေသာ္ပင္က ေဆးသုံးဝင္တယ္ဗ်။ကေလးေမြးၿပီးခါစ မိခင္မ်ား မင္ေသာ္႐ြက္ကို သုပ္စားပါက နို႔ထြက္ေကာင္းပါတယ္..။

ဝမ္းဗိုက္တြင္းအပူ အားႀကီးရင္လည္း အ႐ြက္ကို သုပ္စားရပါတယ္။ ကေလးမ်ား သလိပ္က်ပ္ေသာေရာဂါျဖစ္လွ်င္ ပၪၥငါးပါးျပဳတ္ရည္ကို တိုက္ရပါတယ္။

ေနာက္တစ္ခါ လူႀကီးေတြ ပန္းနာ၊ ေလႁပြန္ေခ်ာင္းေယာင္တင္းတဲ့ ေရာဂါေတြ ျဖစ္ရင္လည္း ပၪၥငါးပါး ျပဳတ္ရည္ကို တိုက္ရပါတယ္။ အဲဒါေတြကေတာ့ လက္ေတြ႕ အသုံးျပဳၾကပါတယ္။

ေနာက္ ကြၽန္ေတာ္ လူႀကီးေတြ ေျပာသံၾကားဖူးတာကေတာ့ ပန္းေသ၊ ပန္းညွိုး ျဖစ္တဲ့ သူကို ႏြားနို႔ ၁၅ က်ပ္သားကို ၊ ၅ က်ပ္သားေလာက္ က်န္ေအာင္က်ိဳရပါတယ္။မင္ေသာ္႐ြက္ကို ေရေဆးၿပီးစား၊ ၿပီးလွ်င္ ခဏက က်ိဳထားတဲ့ ႏြားနို႔ကို ေသာက္ရတယ္တဲ့ဗ်ာ။ အဲဒါေသာက္ရင္ တကယ္ေပ်ာက္တယ္တဲ့ဗ်ာ။

ကြၽန္ေတာ္မသိတဲ့ အသုံးဝင္ ေဆးနည္းေတြ ရွိအုံးမွာပါ။ ဒါကေတာ့ ကြၽန္ေတာ္သိသေလာက္ေလး
ေရးလိုက္တာပါ

ျဖည့္စြက္

ဝမ္းေရာဂါမွန္သမွ်အတြက္ သတၱဳရည္ကိုသၾကားအနည္းငယ္နဲ႕ထည့္ေသာက္ပါက အထူးေပ်ာက္ကင္းေၾကာင္း။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ကူးယူေဖာ္ျပပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *